Cashmap

My Entry For Around The World - Challenge #51/6 🌎

(edited)

Hello everyone, have a nice day.


အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


Well, the photo I want to share this week is a photo I took while boating on the Ganges River. It is a photo of Bhonsale Ghat, a marina and palace on the banks of the Ganges River. I shared a photo of Namo Marina a week ago. I took a boat ride on the Ganges River and took photos of the buildings on the banks. There was a little rain, so some things looked beautiful. I thought it would be difficult to take a boat ride on the Ganges River because it was a little rain and the boat was shaking, but the rain stopped after a while, so I was able to take a boat ride on the river.



There are many ghats on the banks of the Ganges River in Varanasi. I am sharing the ones I have seen among the many ghats. Last week, I shared a photo of Namo Ghat. The Ganges River is a world-famous river and an important river in India. It is also a place that is always visited by foreign tourists.




The Ganges River has a long history in the world. For Hindus, the Ganges River is a sacred river, and is also considered a goddess by the Hindus. It is believed that bathing in the Ganges River cleanses one of one's bad deeds. It is also believed that cremation of the dead on the banks of the river and the scattering of the ashes on the banks of the river is a means of liberation from the cycle of reincarnation, so the banks of the river are almost always lit with flames. "I will share the flames of the cremation next week as a photo of the competition."




When boating in the Ganges, everyone wears a life jacket. If you don't wear a life jacket, a patrol boat will warn you. We spent more than half an hour exploring the Ganges. We said we were exploring the river, but in reality we were just looking at the things and buildings on the banks. There were many people like us exploring the river. There were boats of all sizes, big, medium and small. When we returned to the riverbank, the sun had disappeared and darkness had set in.




However, for me, I was satisfied with being able to learn about the customs and traditions along with the natural beauty of the environment while breathing in the cool, fresh air blowing through the Ganges River.






ကဲ-ဒီတပတ်မျှဝေပေးချင်တဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံကတော့ ဂင်္ဂါမြစ်အတွင်း စက်လှေစီးရင်းနဲ့ရိုက်ယူခဲ့တဲ့ပုံပဲဖြစ်ပါတယ်။ ဂင်္ဂါမြစ်ကမ်းဘေးက လှေဆိပ်တစ်ခုလည်းဖြစ်သလို နန်းတော်လည်းဖြစ်ခဲ့တဲ့ ဘွန်ဆာလေး ဂတ် (Bhonsale Ghat) ရဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တပတ်ကျော်က နမောလှေဆိပ်ရဲ့ဓာတ်ပုံကိုမျှဝေပေးခဲ့ပါတယ်။ ဂင်္ဂါမြစ်ဘေးအတွင်း စက်လှေနဲ့လှည့်လည်ကြည့်ရှုရင်းနဲ့ မြစ်ကမ်းဘေးကအဆောက်အဦတွေကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ မိုးအနည်းငယ်ရွာထားတဲ့အတွက် အချို့အရာတွေက လှပနေတာကိုမြင်ရပါတယ်။ မိုးအနည်းငယ်ရွာတဲ့အပြင် လှေလည်းတိုက်နေတဲ့အတွက် ဂင်္ဂါမြစ်အတွင်း စက်လှေစီးဖို့အဆင်မပြေနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် အချိန်အနည်းငယ်အတွင်းမှာ မိုးရွာတာရပ်သွားခဲ့တဲ့အတွက် မြစ်အတွင်းလှည့်လည်ခွင့်ရခဲ့ပါတယ်။

ဗာရာဏသီမြို့ရဲ့ ဂင်္ဂါမြစ်ကမ်းဘေးမှာ လှေဆိပ်(Ghat)တွေအများအပြားရှိနေပါတယ်။ ဒီလိုအများအပြားရှိနေတဲ့ Ghat တွေထဲက ကျွန်တော်မြင်မိသလောက်မျှဝေပေးခြင်းဖြစ်ပါတယ်။ ယခင်နှစ်ပတ်က နမောလှေဆိပ်(Namo Ghat)ရဲ့ ဓာတ်ပုံအချို့ကို ‌မျှ‌ဝေပေးခဲ့ပြီးဖြစ်ပါတယ်။ ဂင်္ဂါမြစ်ကြီးက ကမ္ဘာကျော်တဲ့ မြစ်ဖြစ်သလို အိန္ဒိယနိုင်ငံရဲ့ အရေးပါတဲ့မြစ်ကြီးလည်းဖြစ်ပါတယ်။ နိုင်ငံခြားဧည့်သည်တွေလည်းအမြဲလာရောက်လည်ပတ်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဂင်္ဂါမြစ်ရဲ့သမိုင်းကြောင်းက ရှည်လျားလွန်းပါတယ်။ ဟိန္ဒူဘာသာဝင်တို့အတွက် ဂင်္ဂါမြစ်ကြီးက ဂင်္ဂါမယ်တော်လို့ခေါ်ဆိုကြတဲ့ နတ်ဘုရားမ တစ်ပါးလည်းဖြစ်တဲ့ အလွန်အရေးထားကြပါတယ်။ ဂင်္ဂါမြစ်ရေကိုချိုးရင် အကုသိုလ်အညစ်အကြေးတွေ ကင်းစင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ နောက်ပြီး သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို မြစ်ကမ်းဘေးမှာ မီးသင်္ဂြိုဟ် ပြာကိုရေမျှော‌ခြင်းက သံသရာကနေလွတ်မြောက်တယ်လို့လည်း ယုံကြည်ကြတဲ့အတွက် မြစ်ကမ်းဘေးမှာ အချိန်တိုင်းနီးပါး မီးတောက်မီးလျှံတွေနဲ့ရှိနေတတ်ပါတယ်။ "မီးသင်္ဂြိုဟ်နေကြတဲ့မီးတောက်မီးလျှံတွေကို နောက်တပတ်မှာ ပြိုင်ပွဲဝင်ဓာတ်ပုံအနေနဲ့ မျှဝေပေးပါမယ်။"

ဂင်္ဂါမြစ်အတွင်း လှေစီးတဲ့အခါ လူတိုင်း လူတိုင်း အသက်ကယ်အင်္ကျီဝတ်ဆင်ကြရပါတယ်။ အသက်ကယ်အင်္ကျီဝတ်ဆင်မထားပါက ကင်းလှည့်ရေယာဉ်မှ သတိပေးခြင်းပြုလုပ်ပါတယ်။ နာရီဝက်ကျော်ကြာအောင် ဂင်္ဂါမြစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ မြစ်အတွင်းလှည့်လှည်ကြည့်ရှုတယ်ဟု‌ဆိုသော်လမ်း တကယ်တမ်းတော့ မြစ်ကမ်းဘေးကအရာတွေနဲ့ အဆောက်အဦတွေကိုပဲ ကြည့်ခဲ့ခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့လို မြစ်အတွင်းလှည့်လှည်ကြည့်ရှုနေကြတဲ့သူတွေလည်း အများအပြားရှိနေခဲ့ပါတယ်။ စက်လှေအကြီး အလတ် အသေးအရွယ်စုံနဲ့ဖြစ်ပါတယ်။ မြစ်ကမ်းဘေးကိုပြန်ရောက်ချိန်မှာတော့ နေရောင်ပျောက်ပြီး အမှောင်ထုကရောက်လို့လာပါတယ်။

မည်သို့ပင်ဆိုစေကာမူ ကျွန်တော့်အတွက်ကတော့ ဂင်္ဂါမြစ်‌ေရပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ အေးမြလတ်ဆတ်တဲ့ လေအေးအေးကို ရှုရှိုက်ရင်း သဘာဝပတ်ဝန်းကျင်အလှနဲ့အတူ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို လေ့လာနိုင်ခဲ့တာကို ကျေနပ်မိပါတယ်။


The photo below is the contestant photo for this week's Around The World Challenge #51/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #51/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

26 APRIL 2026 SUNDAY

0.00000000 CASHMAP
1 comments

It's great to learn about the culture and traditions of a place you've visited. Thank you for sharing.

0.00000000 CASHMAP