Cashmap

‌နွေပွဲတော်။

စိတ်ကူးကတော့ အပြင်ထွက်ရရင် ဖုန်းနဲ့
ပုံကောင်းကောင်းလှလှလေးတွေရိုက်ပြီး
Hive မှာပိုစ့်တင်မည်ဟု စိတ်ကူးထားသည်။
သို့ပေသိပေါ့ဗျာ အဆိုပါစိတ်ကူးက ပျက်ရသည်။
နှစ်ဆန်းတစ်ရက်နေ့မှာ တူမနှင့်အမက မန်းတောင်ခြေ
သို့သွားမည်ဟု ပြောသည်။ သူရို့သွားရင် ကိုယ်တွေလည်း လိုက်ပြီး
မန်းတောင်ခြေက ကုသိုလ်တော်၊
စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရားများနှင့် အတုမရှိကျောင်းများကို
ဖုန်းဖြင့် ဓာတ်ပုံရိုက်မည်ဟု စိတ်ကူးသည်။

သူရို့သားအမိက မသွားဖြစ်၍ ကိုယ်တွေလည်း
ဓာတ်ပုံရိုက်ဖို့ အားခဲထားပြီး စိတ်ကူးပျက်ရသည်။
မန်းတောင်ခြေသို့ မရောက်တာလည်း ကြာပေသည်။
မန်းကျုံးဘေးသို့ တနေ့က သင်္ကြန်အတက်နေ့က
ခဏရောက်ခဲ့သည်။ ရောက်ဆို အဟုတ် တကယ်
ဘုရားစူး ရောက်ခဲ့ပါသည်ဟုပင် ပြောရမည်။
နှစ်ဆယ့်ခြောက်ဘီကျုံးဘေးလမ်းမှာ 75လမ်းမှ
ဝင်ပြီး 74လမ်းမှ ပြန်ထွက်ခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ရောက်တိုင်း 26ဘီလမ်းမှမြင်ကွင်းသည်
ပုံမှန်အတိုင်းဖြစ်သည်။ ရေစိုစိုလူအုပ်ကြီးက အရှေ့သို့
သွားသောသူနှင့် အနောက်သို့သွားသောသူများ
ဖြစ်သည်။ ထိုလူအုပ်က စည်းချက်နဲ့အညီ လှုပ်လှုပ်ရွရွ က သူက လမ်းလျှောက်သူက လျှောက်ပြီး လူထူထပ်သည့်အခါ တိုးဝှေ့သွားနေကြသည်။ သင်္ကြန်မြင်ကွင်း
များကိုတော့ ဖုန်းရေစိုမှာစိုးသဖြင့် မရိုက်ခဲ့ပေ။

သင်္ကြန်မြင်ကွင်းများကို ဓာတ်ပုံမရိုက်ခဲ့ပေသိ။
ကိုယ်တွေသွားခဲ့သော၊ ရောက်ခဲ့သော ယခုနှစ်
အတွင်း ခရီးတိုသွား ဓာတ်ပုံမှတ်တမ်းများကို
တင်ပြလိုက်ပါသည်။
နှစ်သစ်မှာ Hive Myanmar
အဖွဲ့သားများ ကိုယ်စိတ်နှစ်ပါး
ချမ်းသာ၊ ကျန်းမာ ကြပါစေ။
ကမ္ဘာသူ ကမ္ဘာသားအပေါင်း
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

@htwegyi
April 20, 2026

0.00000000 CASHMAP
2 comments

ဒုဌဝတီ ရှုခင်းတွေ လှပေါ့။
!PIZZA
!LOLZ

0.00000000 CASHMAP

ရွှေစာရံ ဘုရားပွဲတုန်းကပါ။

0.00000000 CASHMAP

PIZZA!

$PIZZA slices delivered:
@golden.future(1/10) tipped @htwegyi

Learn more at https://hive.pizza.

0.00000000 CASHMAP