Cashmap

မန်းမြေသို့ လွမ်းနေသမို့

မန်းမြေမှာလေးနှစ်တာ ပညာဆည်းပူးခဲ့ရာ
ပြုံးလို့ပျော်ရွှင်စွာ အပေါင်းသင်းများနဲ့သာ။
ဘုရားကြီးနဲ့ အိမ်တော်ရာ တနင်္ဂနွေနေ့တိုင်း
ဆီမီးကပ်လှူတာ။ လေးနှစ်ပြည့်ခဲ့ရာ မြင်းလှည်းလေးပေါ်မှာ
ဘူတာကြီးဘက် ကိုယ်ထွက်ခဲ့ရတာ။
နှုတ်ဆက်ခဲ့သည် မန်းဌာနီ ရထားကြီးထွက်လုပြီ။
မေ့လို့မရတဲ့ မန်းပျိုမဒီ တရွေ့ရွေ့ထွက်ခါ
ကိုယ်ပြန်သွားရပြီ။

ကိုယ်တွေကတော့ တနင်္ဂနွေနေ့တိုင်း
ဘုရားကြီးကို မရောက်ပါဘူး။
လေးနှစ်ပြည့်မှ တခေါက်ရောက်ခဲ့ရသော
ဘုရားကြီးကို ဖူးမျှော်ပြီးသကာလ။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသော
ဘုရားကြီးကို ကြည့်ရှုကာ ဖုန်းဖြင့် ဓာတ်ပုံ
ရိုက်ခဲ့သည်။

ဘုရားကြီးပတ်လည်ကို ပိတ်ပြီး ပြုပြင်နေသည်။
ဘုရားကြီး အရှေ့မုခ်၊ အနောက်မုခ်၊ တောင်မုခ်
နှင့် မြောက်မုခ်များကို ပိတ်ထားသည်။
ဘုရားကြီးသို့ ဝင်ရောက် ဖူးမျှော်လျှင်
ဗုဒ္ဓဝင်ပြခန်းဘက်မှ ဝင်ရောက်ကာ ဖူးမျှော်ရသည်။
ဗုဒ္ဓဝင်ပြခန်းသည်လည်း ငလျင်ဒဏ်ထိ၍ ပိတ်ထား
သည်။

အရှေ့ဘက်မုခ်ဦးသည် တဝက်နီးပါးပြုပြင်ပြီး
ထားသည်။ ဈေးဆိုင်ခန်းများကို ငါးကန်၏
ဘေးပတ်လည်မှာ နေရာချထားသည်။ အထူး
သဖြင့် ဘုရားကြီးမြောက်မုခ်မှ လက္ခဏာဗေဒင်
ဆရာများကိုလည်းတွေ့ရသည်။ သူရို့က
ကိုယ်ပိုင် မိုးကာတဲလေးများဖြင့် ဆိုင်ခန်းများ
ဖွင့်ထားသည်။ ဘုရားကြီးသို့ ဖူးမျှော်လာရင်း
အလေ့အပေါ့သွားချင်ပါက ထိုဈေးဆိုင်နှင့်
လက္ခဏာဗေဒင်ဆရာများ၏ ဆိုင်ခန်းများကို
ဖြတ်သန်းသွားရပေမည်။

ဗုဒ္ဓဝင်ပြခန်းရှေ့ရှိ မြက်ခင်းပြင်မှ
ပြသထားသော ကျောင်စိမ်းတုံးကြီးများက
ဓာတ်ပုံ ရိုက်ချင်စဖွယ်ဖြစ်ရသည်။
အရှေ့မုခ်ရှိ မြောက်ဖက်ခွဲထွက်ထားသော
မုခ်ဦးကလေး ပြုလုပ်ထားသည်မှာ
မကြာသေးဟုထင်ပါသည်။ ရွှေရောင်
ဆေးသားများဖြင့် ပြုပြင်ထားပြီး လှပနေ၍
ဓာတ်ဖမ်းသူများကို တွေ့မြင်ခဲ့ရသည်။

ဘုရားကြီးသို့ မနက်ပိုင်းဖူးမျှော်ပြီး
ဗုဒ္ဓဝင်ပြခန်းလမ်းမှ မြောက်ဖက်သို့ ပြန်ထွက်ခဲ့သည်။
လမ်းမထိပ်တွင် နာမည်ကြီး ရှမ်းခေါက်ဆွဲဆိုင်နှင့်
မုန့်ဟင်းခါးဆိုင်များရှိသည်။ ဟိုစဉ်က ထို
ရှမ်းခေါက်ဆွဲဆိုင်ကို စားခဲ့ဖူးသည်။ လက်ရာကောင်း
သည့်အပြင် တိုးဟူးကြော်လေးများကလည်း
စား၍ အင်မတန်ကောင်းသည်။ ယခုအခါ
ဈေးများပြီး ရှမ်းခေါက်ဆွဲက အလွန်နည်းလှသည်။
ထိုအပြင် တိုးဟူးကြော်များလည်း ယခင်ကလောက်
စားမကောင်းတော့ပေ။ ဘုရားကြီးမှ အပြန်
အတွေးများဖြင့် ပြန်ခဲ့သည်။ အစစ အရာရာသည်
မတိုးတက်သည့်အပြင် ဆုတ်ယုတ်လို့လာသည်မှာ
စိတ်မချမ်းသာစရာ ကောင်းလှပေသည်။

@htwegyi
December 21, 2025

0E-8 CASHMAP
3 comments

hmm those bamboo scaffold reminds of that big fire in Hong Kong some weeks ago.

Congratulations !!
You have been manual curated and upvoted by @ecency



Did you know that @stresskiller is also a witness now ?

0E-8 CASHMAP

Myanmar. Repairing the collapse caused by the earthquake.

0E-8 CASHMAP

ဘုရားကြီးရောက် ဘထွေး တစ်ယောက် ဘာတွေ ဆုတောင်းခဲ့လဲ။
!PIZZA
!LOLZ

0E-8 CASHMAP

ဆုတောင်းဖို့ မေ့နေတယ်ဗျာ။

0E-8 CASHMAP

PIZZA!

$PIZZA slices delivered:
@golden.future(1/10) tipped @htwegyi

Send $PIZZA tips in Discord via tip.cc!

0E-8 CASHMAP